လမင်းနဲ့ ပင်လယ်
Page 1 of 1 • Share •
လမင်းနဲ့ ပင်လယ်
လမင်း နဲ့ ပင်လယ် "
ပင်လယ်ကပြောတယ်။
“ လမင်းရယ်
မင်းရှိမှ ငါ့ဘ၀ကပြည့်စုံတာပါ။
မင်းရှိမှ ငါ့အလှကပြည့်စုံတာပါ။
အမြဲတမ်း ငါမျှော်နေမှန်းသိရဲ့နဲ့
လဆန်းဖြစ်လိုက်၊လကွယ်ဖြစ်လိုက်၊
လပြည့်ဖြစ်လိုက်နဲ့၊
အပြောင်းအလဲများလွန်းတယ်။
တခါတလေများဆို မိုးတိမ်တွေဖုံးပြီး
မသိကျိုးကျင် ပြုနေလိုက်သေးတယ်။”
လမင်းကရယ်တယ်။
“ပင်လယ်...။
ငါ အမြဲလသာနေရင်
မင်း ငါ့ကို ဘယ်တမ်းတမှာလဲ၊
ငါ အမြဲလကွယ်နေရင်လည်း
ကြာရင်ငါ့ကို မေ့ပြီး တခြားတယောက်ကို
အဖော်ပြုနေပြီပေါ့။
မင်းမမေ့အောင်
ငါ တူပုန်းတမ်းကစားတာပါ။
....................
ဆက်မပြောပဲ
လမင်း နှုတ်ဆိတ်သွားခဲ့တယ်။
ခဏနေတော့ တယောက်ထဲ ရင်ထဲကနေ ဆက်ပြောနေခဲ့တယ်..
“မင်းလိုအပ်တယ်ဆိုလို့
ငါအမြဲတမ်း မင်းအနားနေနိုင်ဖို့
ကြိုးစားခဲ့ပါတယ်။
ဒါပေမဲ့ လဆန်းဖြစ်လိုက်၊လကွယ်ဖြစ်လိုက်၊
လပြည့်ဖြစ်လိုက်နဲ့၊
အပြောင်းအလဲများနေရတာ
ငါ့ဘ၀ရဲ့ လောကဓံကြောင့်ပါ။
မိုးတိမ်တွေဖုံးပြီး နေတာ
မသိကျေးကျွန် ပြုနေတာ မဟုတ်ပါဘူး။
မင်းဘ၀ရဲ့ လောကဓံကြောင့်
မုန်တိုင်းတွေထန်နေတဲ့အခါ
လှိုင်းတံပိုးတွေထနေတဲ့အခါ
့ အရုပ်ဆိုးနေတဲ့ မင်းအလှကို
လူတွေမသိအောင်
ငါပိုင်ဆိုင်သမျှ ငါ့အလင်းကို ဖျောက်ပြီး၊
မင်းသောကတွေ မျှဝေ ခံစားလို့
တိမ်အကွယ်မှာ ငါငိုနေတာ
မင်း မသိဘူးမို့လား။
_________________
http://api.ning.com/files/4Vvp5ofZeVIRKZUvRW*fH6F9-jYcgW7QCNnDiP6EpWJAephsRyKG6v9T1Drx8lg7ZCZGkJgBW1TB3vUNQAZ5cl3y45Ea9*jQ/ChitKaeTarLarYuKaeTarLar.swf
http://api.ning.com/files/SCXISYrXUBWvpMWKAngZZf*RSLrQJlYLng77dMmfBGFgtfQEwaWUKyjZyqHtASptRFPM2rmnpVwGHGwtlLh2rFtrMshAM6ed/HappyValentineDay1.swf

♥♥လမင်းအောင်♥♥- Admin
- Posts: 43
Join date: 2011-09-15
Age: 16
Location: yangon
Page 1 of 1
Permissions in this forum:
You can reply to topics in this forum
Home
