GOOD BYE ပါ...ချစ်သူ
Page 1 of 1 • Share •
GOOD BYE ပါ...ချစ်သူ
မပြောဖြစ်ခဲ့တဲ့ စကားတစ်ချို့
ငါ့ရင်ထဲမှာ ပြည့်နင့်နေလေရဲ့
ပန်ခွင့်ရှိတုန်းကတော့
ငါ ဆွတ်ဖို့မေ့နေခဲ့တာလေ
ဘယ်ချိန်ဆွတ်ဆွတ်ဆိုတဲ့အတွေးများ
ထားမိခဲ့သလားပဲ……………
မဆွတ်ရက်တဲ့စိတ်လေးလည်း ပါဝင်ခဲ့လေရဲ့
ခုတော့
ပြောချင်တဲ့စကားတစ်ချို့တောင်
ပြောခွင့်မရှိတော့
ရင်ထဲမှာ မြိုသိပ်ထားရတာ
ပြည့်နင့်လွန်းလို့
နှလုံးသွေးတောင် အန်ထွက်လုနီးပါး
ဝတ်ကျေတမ်းကျေနှုတ်ဆက်ခဲ့တဲ့
ဂုဏ်ပြုတဲ့စကားသံကလည်းခပ်တိမ်တိမ်နဲ့
နှလုံးကွဲလုနီးပါးဆိုတာ………ဒါမျိုးထင်ပါရဲ့
ချစ်သူ
မဟုက်ဘူး….တစ်ချိန်ကချစ်သူ
ငါက ချစ်ခြင်းဆိုတာကို တယုတယပျိုးဖို့
မသိတတ်သူပါ
ဒါပေမဲ့…….တိတ်တဆိတ်မြတ်နိုးတတ်သူ
ချစ်တယ်လို့ အမြဲမပြောဖြစ်ခဲ့သလို
မြတ်နိုးခြင်းကိုလည်း တယုတယပြမနေခဲ့မိဘူး
နှလုံးသားနီးသူခြင်း
တယုတယထုတ်မပြတောင်
မင်းသိမှာပါ…..လို့
တွေးခဲ့မိတာ………………..
ချစ်သူ…….အချစ်ကြီးချစ်ပြခဲ့သူ
သော့ခတ်စရာမလိုအောင်
မင်းနှလုံးသားက တစ်သက်စာသေချာပြီးသား
ငါ့အတွက်…………ဒီအတွေးနဲ့
ငါ………မင်းနဲ့ ခဏတာဝေးခဲ့မိတာ.
ခုတော့ …ချစ်သူ
လမ်းခွဲစကားကိုတောင်
စာတစ်စောင်နဲ့ဖြက်
အရာအားလုံးအတွက်တောင်းပန်တယ်တဲ့လား
မသိချင်ဘူး…ဘာအကြောင်းပြချက်မှ
မင်းစိတ်ကြိုက် မင်းအလိုကျ
မင်းရဲ့မင်္ဂလာပွဲ ငါတက်ရောက်ခဲ့ပြီ
စိန်ရောင်ရွှေရောင်လင်းလက်တဲ့ပွဲထဲ
မင်းက
အလင်းလက်ဆုံးသတို့သမီး
မင်းမှာ
ပျော်မြူးခြင်းတွေဝန်းရံလို့
မင်းမျက်နှာထက်
ကျက်သရေတွေ တင့်ရွှန်းလို့
တစ်ချိန်က ချစ်ဖူးသူငါ့ရှေ့
မင်းပျော်နိုင်ခဲ့တယ်
……………………..
Good Bye ပါ ချစ်သူ
ရင်တွင်းငိုကြွေးသံတစ်ချို့
ငါ မြစ်ပြင်ထက်တစ်နေရာ
သွားမျှောလိုက်ဦးမယ်
ဘ၀ဆိုတဲ့ လှေငယ် မင်းမပါနိုင်မှတော့
အရင်လိုသာယာနိုင်မှာလည်းမဟုက်ပါဘူး
ဒါပေမဲ့………….
ဘ၀ကိုရေစုန်မမျောမိဖို့
ရင်ကွဲတေးသံတစ်ချို့
ငါ….အစွမ်းကုန်တီးခတ်လိုက်ဦးမယ်
နောတ်တစ်နေ့ကျရင်
လူသစ်စိတ်သစ်နဲ့…….ဘ၀ကိုရင်ဆိုင်မယ်
ငါတစ်ယောက်တည်း..
နှလုံးသားကဒဏ်ချက်ကတော့……သေရာပါပေါ့
ငါ့ရင်ထဲမှာ ပြည့်နင့်နေလေရဲ့
ပန်ခွင့်ရှိတုန်းကတော့
ငါ ဆွတ်ဖို့မေ့နေခဲ့တာလေ
ဘယ်ချိန်ဆွတ်ဆွတ်ဆိုတဲ့အတွေးများ
ထားမိခဲ့သလားပဲ……………
မဆွတ်ရက်တဲ့စိတ်လေးလည်း ပါဝင်ခဲ့လေရဲ့
ခုတော့
ပြောချင်တဲ့စကားတစ်ချို့တောင်
ပြောခွင့်မရှိတော့
ရင်ထဲမှာ မြိုသိပ်ထားရတာ
ပြည့်နင့်လွန်းလို့
နှလုံးသွေးတောင် အန်ထွက်လုနီးပါး
ဝတ်ကျေတမ်းကျေနှုတ်ဆက်ခဲ့တဲ့
ဂုဏ်ပြုတဲ့စကားသံကလည်းခပ်တိမ်တိမ်နဲ့
နှလုံးကွဲလုနီးပါးဆိုတာ………ဒါမျိုးထင်ပါရဲ့
ချစ်သူ
မဟုက်ဘူး….တစ်ချိန်ကချစ်သူ
ငါက ချစ်ခြင်းဆိုတာကို တယုတယပျိုးဖို့
မသိတတ်သူပါ
ဒါပေမဲ့…….တိတ်တဆိတ်မြတ်နိုးတတ်သူ
ချစ်တယ်လို့ အမြဲမပြောဖြစ်ခဲ့သလို
မြတ်နိုးခြင်းကိုလည်း တယုတယပြမနေခဲ့မိဘူး
နှလုံးသားနီးသူခြင်း
တယုတယထုတ်မပြတောင်
မင်းသိမှာပါ…..လို့
တွေးခဲ့မိတာ………………..
ချစ်သူ…….အချစ်ကြီးချစ်ပြခဲ့သူ
သော့ခတ်စရာမလိုအောင်
မင်းနှလုံးသားက တစ်သက်စာသေချာပြီးသား
ငါ့အတွက်…………ဒီအတွေးနဲ့
ငါ………မင်းနဲ့ ခဏတာဝေးခဲ့မိတာ.
ခုတော့ …ချစ်သူ
လမ်းခွဲစကားကိုတောင်
စာတစ်စောင်နဲ့ဖြက်
အရာအားလုံးအတွက်တောင်းပန်တယ်တဲ့လား
မသိချင်ဘူး…ဘာအကြောင်းပြချက်မှ
မင်းစိတ်ကြိုက် မင်းအလိုကျ
မင်းရဲ့မင်္ဂလာပွဲ ငါတက်ရောက်ခဲ့ပြီ
စိန်ရောင်ရွှေရောင်လင်းလက်တဲ့ပွဲထဲ
မင်းက
အလင်းလက်ဆုံးသတို့သမီး
မင်းမှာ
ပျော်မြူးခြင်းတွေဝန်းရံလို့
မင်းမျက်နှာထက်
ကျက်သရေတွေ တင့်ရွှန်းလို့
တစ်ချိန်က ချစ်ဖူးသူငါ့ရှေ့
မင်းပျော်နိုင်ခဲ့တယ်
……………………..
Good Bye ပါ ချစ်သူ
ရင်တွင်းငိုကြွေးသံတစ်ချို့
ငါ မြစ်ပြင်ထက်တစ်နေရာ
သွားမျှောလိုက်ဦးမယ်
ဘ၀ဆိုတဲ့ လှေငယ် မင်းမပါနိုင်မှတော့
အရင်လိုသာယာနိုင်မှာလည်းမဟုက်ပါဘူး
ဒါပေမဲ့………….
ဘ၀ကိုရေစုန်မမျောမိဖို့
ရင်ကွဲတေးသံတစ်ချို့
ငါ….အစွမ်းကုန်တီးခတ်လိုက်ဦးမယ်
နောတ်တစ်နေ့ကျရင်
လူသစ်စိတ်သစ်နဲ့…….ဘ၀ကိုရင်ဆိုင်မယ်
ငါတစ်ယောက်တည်း..
နှလုံးသားကဒဏ်ချက်ကတော့……သေရာပါပေါ့
Similar topics» Got my first "good" tobacco today!!
» Who sounds good in live performances and who doesnt?
» Keith Mitnik of Morgan & Morgan - One of the Good Guys (Civil Case)
» Are humans inherently good or evil?
» Belated Good Luck Wishes For Stranger!
» Who sounds good in live performances and who doesnt?
» Keith Mitnik of Morgan & Morgan - One of the Good Guys (Civil Case)
» Are humans inherently good or evil?
» Belated Good Luck Wishes For Stranger!
Page 1 of 1
Permissions in this forum:
You can reply to topics in this forum

