အွန်လိုင်းပေါ်ကအချစ် နှလုံးသားခြင်း တိုက်ရိုက်ဆက်သွယ်မှု ။

View previous topic View next topic Go down

default အွန်လိုင်းပေါ်ကအချစ် နှလုံးသားခြင်း တိုက်ရိုက်ဆက်သွယ်မှု ။

Post by phoophoo on Tue Jan 31, 2012 11:31 am

အွန်လိုင်းအချစ်က ပိုဆိုးတယ်နော် ။ မျက်လုံးမမြင်ရဘူး ကြားခံနည်းပါးတယ်။
နှလုံးသားနဲ့ဦးဏှောက်တိုက်ရိုက်ရောက်တာ ။ အသည်းနုတဲ့လူ
စိတ်ထားဖြူတဲ့လူတွေ မေတ္တာငတ်နေတဲ့သူတွေ ၊ ဖော်ကွာဝေးနေတဲ့သူတွေအတွက်တော့
သိပ်ကိုစိတ်မကောင်းစွာနဲ့ရင်နာရပါတယ် ကြေကွဲရပါတယ် ငိုကြွေးရပါတယ်
ခံစားချက်တခုအတွက်ပေါ့လေ .. ဘယ်လိုခံစားမှုဖြစ်စေ အွန်လိုင်းပေါ်ကနေတွေ့သိကျတော့မမြင်ရဘူး
မကြားရဘူးအတွေ့ အထိမပါပဲ ချစ်နေတဲ့ အချစ်ပဲ ...။

အွန်လိုင်းအချစ်
အတွေ့ အထိပါနေရင်တောင် ဒါကိုသာယာလို့ ဖြစ်ချင်ဖြစ်နိုင်သေးတယ်
ဘာအတွေ့ အထိမှမရှိပဲ စိတ်ထဲကနေ ချစ်နေတဲ့အချစ် အင်းသေချာတယ်
တစ်ဖက်ကညာတာလည်း
မသိ
လိမ်တာလည်းမသိသူနဲ့ကိုယ်နဲ့ချစ်နေတာသာသိတာနော်
ဖြူစင်မှု ညစ်နွမ်းမှု သူပြောသလောက်ပဲ ကိုယ်ကသိရတာလေနော်
အွန်လိုင်းပေါ်ကနေ ခင်မင်ရင်နှီးချစ်ခင်မိကျတော့
အချိန်ကုန် စိတ်ပင်ပမ်းနွမ်းနယ် စားချိန်မေ့ အိပ်ချိန်မေ့
ဘယ်အချိန်များလာမလည်း
သူဘာလုပ်နေလည်း သူအတွက်စဉ်းစားပြီး စောင့်မျှော်နေရတယ်
ဒီကြားထဲ လိုင်းမကောင်းတော့လည်း စိတ်ပင်ပန်းရသေးတယ်
ထမင်းမကျက်သေးတဲ့အချိန်မှာ ဘေးနားမှာရှိနေတဲ့ ကလေး ဗိုက်ဆာလို့
အော်ငိုနေသလိုပေါ့ ။

ကိုယ်ကတွေ့ချင်ပြောချင် ဆိုချင်လိုင်းကမကောင်း တော်တော်စိတ်ပင်ပန်းစွာနဲံ့ချစ်ရတဲ့အချစ်ပါ....
သူငယ်ချင်းလေးအပေါ်ဖြစ်ဖြစ်.ချစ်သူရည်းစားအပေါ်ဖြစ်ဖြစ် ကိုယ်ကရင်ထဲရှိတာဖွင့်ဟပြောချင်သူတို့ မအားတာလား ပုန်းနေတာလား ဘလော့ထားလား စောင့်နေရင်း စိတ်မောစွာနဲ့ စစ်ကြည့်ရသေးတယ်လေနော် ကိုယ်ဘက်ကသာ ခင်မင်တွယ်တာနေတာ ချစ်ခင်ရင်းနှီးနေတာ
တဖက်လူကကိုယ့်ကိုရင်းနှီးချင်လား ခင်မင်ချင်လား
စကားပြောချင်လား တကယ်ချစ်လားဆိုတာ မသိပဲပြောဆိုနေကျရတာလေ ။
အွန်လိုင်းပေါ်ကနေ ဖြူဖြူစင်စင် တကယ်ချစ်နေတဲ့လူတွေအတွက်
သိပ်ကိုစိတ်မကောင်းစွာနဲ့ဖြစ်ရတာပေါ့နော် သူတို့ရင်ထဲမှာအပြင်ကသူငယ်ချင်းထက်
ပိုခင်မင်မိကျတယ် ရင်းနှီးမိကျတယ်။
ချစ်သူချင်းဆိုလည်း ချစ်တော့ချစ်တယ် ။ သူမရှိဘူးဆိုသလိုပဲ
သူဂျီတော့လေးစိမ်းနေရင်ပျော် ၊ ၀ါနေရင်နွမ်း ၊ပျောက်နေရင်ပင်ပမ်း
စိတ်မောစွာနဲ့ မျှော်နေကြရတာ အပြင်မှာချစ်တဲ့အချစ်ထက် ပိုဆိုးပါတယ်
အွန်လိုင်းကအချစ် တစ်ကယ်ချစ်တဲ့ လူတွေသိပ်ကို ခံစားကြေကွဲရတာကြတော့အပြင်မှာချစ်တဲ့ အချစ်ထက် သာပါတယ် ။
အတွေ့အထိ လွတ်ကင်းတယ်။
အမြင်အာရုံမပါဘူး စိတ်ခံစားမှု့ သက်သက်မို့ အွန်လိုင်းပေါ်ကအချစ်က တော်တော်ပြင်းထန်ပါတယ်
နှလုံးသားလေး တိုက်ရိုက်ဆက်သွယ်ထားပါတယ်။
ပြီးမှဦးဏှောက်ကို သတင်းပို့ပါတယ်။
နောက်မှတဆင့်တက် အသံလေးနားထောင် ဗီဇက်အိုလေးကြည့်
ရင်ထဲ တော်တော်ငြိပါတယ် ။
ဒါကြောင့်အွန်လိုင်းပေါ်မှာ လှည့်စားတာလိမ်ညာတာ
ကောက်ကျစ်တာ ဟန်ဆောင်တာ ၊ ပြောတာမယုံကြည်တာ
ပြောဆိုတာမှန်သမျှ ယုံကြည်နေကြတယ် တစ်ဖက်ကဟာသလုပ်နေတာ
တကယ်စနောက်နေတာ တစ်ဖက်ကပျင်းလို့ အပျင်းပြေရည်းစားစကား လိုက်ပြောနေကြတာ တကယ်အသည်းနုတဲ့သူ တွေ စိတ်ထားဖြူစင်တဲ့သူတွေ အွန်လိုင်းအချစ်မှာ ကြေကွဲရင်နင့်ရပါတယ် ငိုကျွေးမောပမ်းရပါတယ်။ စိတ်မကောင်းခြင်းကြီးစွာနဲ့ တကယ်ချစ်မိတဲ့သူ
တကယ်ခင်မင် တွယ်တာတဲ့သူ သူငယ်ချင်းမေတ္တာ ၊
ချစ်ခြင်းမေတ္တာ ငတ်နေသူ ဝေးတနေရာက ဝေးကွာနေသူတွေ ၊ ဖော်ကွာဝေးနေသူတွေအတွက်
စိတ်မကောင်းစွာနဲ့ ဒီစာလေးရေးမိခြင်းဖြစ်ပါတယ်
သူငယ်ချင်းတွေ ချစ်သူတွေ
သိရှိခံစားနိုင်ကျပါစေ
အားလုံးကိုရင်းနှီးခင်မင်စွာနဲ့ 
သူငယ်ချင်းများပျော်ရွှင်ကျမ်းမာကြပါစေ။

အချစ်အတွက်
~~~~~~~~
ဘ၀ကတိုက်ပွဲ ၊ အချစ်ကလိုက်ပွဲ..
လိုက်ပွဲက ဟင်းအရံပေါတယ်...
စားလို့  မမိန်ရင်မိန်တဲ့ဟင်းခွက်ကောက်နှိုက်စား ရတာဘဲ
တိုက်ပွဲ ကတော့ကြုံလာတဲ့လောကဓံ ကိုယ်တယောက်ထဲ
ကြံ့ကြံ့ခံ တိုက်ရတယ် ... ။
ဒီပွဲက
ကျွန်တော်ရှုံးတယ်ဆိုပြီးပြစ်ထားလို့ မရဘူး
နိုင်တယ် ဆိုပြီးလည်း ပျော်လို့ မဖြစ်ဘူး
နောက်တစ်ကြိမ် ဘယ်လိုပုံစံနဲ့ 
လာမလည်း ကိုယ် မမြင်မသိဘူးနော်
လာလာသမျှ လောကဓံ
ကြံကြံခံနိုင်ဖို့လိုအပ်တာပါ.........။။



phoophoo
Admin

Posts: 18
Join date: 2011-10-28
Age: 27
Location: Taunggyi

Back to top Go down

View previous topic View next topic Back to top


Permissions in this forum:
You cannot reply to topics in this forum